ဆယ့်နှစ်ရာသီ လူးတား (ဦးယာ) - နိဂုံး

From Wikisource
Jump to navigation Jump to search
ဆယ့်နှစ်ရာသီ လူးတား (ဦးယာ) - နိဂုံး (1781)
by ဦးယာ
184059ဆယ့်နှစ်ရာသီ လူးတား (ဦးယာ) - နိဂုံး1781ဦးယာ

ဆယ့်နှစ်ရာသီ လူးတား၊ ပုဒ်ရေ ဆယ့်ခုနှစ်။ သက္ကရာဇ် ဧကဒွါရာ၊ တြိန်းစွန်း ကိန်းစတု၊ ၎င်းခုတွင်၊ ဥတုဂိမှာန၊ တပေါင်းလတွင်၊ ဆန်းလျှင် တဆယ်၊ နေ့ဝယ် စနေ၊ ပုဒ်ရေဝါကျ၊ ပါဒမလွဲ၊ ရွတ်မြဲသင်အံ၊ အတန်တန်ကို၊ ဧကန်မုချ၊ ဆောင်ရွက်ကြမူ၊ လောကနိုက်ပင်၊ လူဂုဏ်တင်ဟု၊ လူတွင်လူကျော်၊ လူတို့ပေါ်၌၊ လူတော်လူကောင်း၊ ရွှေဦးဆောင်းသည်။ ။ လူပေါင်းထိပ်ဦးနေတည့်လေး။ ။ လောကေတည့် လူများ ကြံစိတ်စား။ ။ အများဗိုလ်ထုတွေ။ ။ ဂုဏ်ရေတည့် ဂုဏ်နန်း ဂုဏ်အောင်ပန်း။ ။ ပြီးခန်းရောက်ခဲ့ပြီ။ ။ ပွေလီတည့်ဆန်းပြား စာလူးတား။


ဦးယာဆို ဆယ့်နှစ်ရာသီ လူးတား ပြီး၏။


မှတ်ချက်

  • (ဘ) (မ) (ဟ) မူများတွင် ဤနိဂုံးမပါ။
  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse