ဘွိုင်းကောက်ဋီကာ တေးထပ်

From Wikisource
Jump to navigation Jump to search
ဘွိုင်းကောက်ဋီကာ တေးထပ်
by သခင်ကိုယ်တော်မှိုင်း
184661ဘွိုင်းကောက်ဋီကာ တေးထပ်သခင်ကိုယ်တော်မှိုင်း

ဘွိုင်းကောက် ဘွိုင်းကောက်နှင့်၊
တိုင်းတလျှောက် တုန်စေ၊
ဂိုဏ်းမပျောက် ပုံသေပြီ၊
ကြုံပလေ မြန့်တိုင်း၊
ထဆင်ထူး အီတင်သည်၊
ထီမထင် ရှေးသိုက်တနှိုင်း။

မပေါ်ဘူး ပေါ်လာသည်၊
တော်ပါပေ့ လိုတိုင်း၊
ကော်စရာ လိုသမိုင်းပေထင့်၊
ကိုယ်မှိုင်းတို့ခေတ်မှာ၊
ဘဦးနော် တဗိုလ်ထွက်ချိန်မို့၊
ဗဟို (၂) ချက်တီးသည့်ပမာ။

လိုသထက်ပြီးမည့်ဟာကို၊
မှီးကြည့်ကာ ငဲ့ညှာထောက်ပါလို့၊
တဆယ့်ခြောက်ဥပဒေ၊
ဟဲ့ ပျောက်ထုခေ၊
ဘယ့်ကလောက် အမှုပွေစေ၊
ခုသေသေ စွန့်တုန်းမို့လေး။