ကိုယ်တွင်းသုတ်သင်ရန်

From Wikisource
Jump to navigation Jump to search
ကိုယ်တွင်းသုတ်သင်ရန်
by ရွှေကျင်ဆရာတော်ဘုရားကြီး
ကိုယ်တွင်းသုတ်သင်ရန်
323942ကိုယ်တွင်းသုတ်သင်ရန် — ကိုယ်တွင်းသုတ်သင်ရန်ရွှေကျင်ဆရာတော်ဘုရားကြီး

၁။ ခိုးသားထားပြ၊ ဟူတုံက၊ မုချကြောက်အပ်စွာ။

၂။ ကိုယ်တွင်းသူခိုး၊ မြင်သူခိုး၊ နှစ်မျိုးမှတ်ကြရာ။

၃။ ကိုယ်တွင်းထားပြ၊ ပြင်ထားပြ၊ နှစ်ဝရှိသည်သာ။

၄။ ကိုယ်တွင်းရန်သူ၊ ပြင်ရန်သူ၊ နှစ်မူခွဲရှုရာ။

၅။ ပြင်ပလူထက်၊ ကိုယ်တွင်းခက်၊ ဆက်ဆက်သိအပ်စွာ။

၆။ ကိုယ်တွင်းခိုးသား၊ လက်ခံထား၊ ပြင်ခိုးသားတွေ မွှေလိမ့်မည်။

၇။ ကိုယ်တွင်းထားပြ၊ လက်ခံကြ၊ ပြင်ကထားပြ-ချေလိမ့်မည်။

၈။ ကိုယ်တွင်းရန်သူ၊ လက်ခံမူ၊ ပြင်ရန်သူကြောင့်- သေလိမ့်မည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse